" လူမှုစီးပွားရေး နယ်ပယ်တွင် ပြည်သူတို့၏ တကယ့် အခြေခံ လိုအပ်ချက်များ လက်တွေ့ ဖြည့်ဆည်းပေးနိုင်ခြင်းကို အခြေခံစံ အဖြစ် လက်ခံနိုင်ရမည်ဖြစ်သည်။ ဤသို့ လုပ်ဆောင်နိုင်သော နိုင်ငံရေးစနစ်မျိုးမှသာ နိုင်ငံရေး ပေါင်းစီးမှုကို အောင်မြင်စွာ ဖန်တီးနိုင်သည့် စနစ်မျိုးဟု သတ်မှတ်ရမည်ဖြစ်သည်။ ဤစနစ်မျိုးတွင် စိန်ခေါ်ချက် တစ်ရပ်ရှိသည်။ ယင်းစိန်ခေါ်ချက်မှာ လူတန်းစာ အလွှာအသီးသီး၏ အကျိုးစီးပွားများ အညီအမျှ ရယူပိုင်ခွင့်ကို အာမခံချက်ပေးမည့် ' စေ့စပ်မှု' တစ်ရပ် ရရှိရေး ဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံ တွင် နိုင်ငံရေးစနစ်၌ ဒီမိုကရေစီစနစ်ကို စတင်အကောင်အထည် ဖော်ရန် ကြိုးစားနေပြီး အနည်းငယ်တိုးတက်မှု ရှိနေသော်လည်း စီးပွားရေးလုပ်ပိုင်ခွင့်Business rent နှင့် လူတန်းစားအလွှာ အသီးသီး၏ အကျိုးစီးပွားများ အညီအမျှ ရယူပိုင်ခွင့် ကို အာမခံချက်ပေးနိုင်မည့် မူဝါဒနှင့် ဥပဒေများမှာ အားနည်းလျက်ပင်ရှိသည်။
ယခင်အစိုးရများလက်ထက်တွင် ပြည်သူများအနေဖြင့် ထိုအခွင့်အရေးများကို အပြည့်အဝ မရရှိခဲကြသော်လည်း ၂၀၁၆ တွင် တက်ရောက်လာမည့် ပြည်သူတို့ တင်မြောက်သော ပြည့်သူအစိုးရတစ်ရပ်အနေဖြင့် ပြည်သူတို့၏ အကျိုးနှင့် မျှော်လင့်ချက်တို့ ကို အခက်အခဲ နှင့် စိန်ခေါ် ချက်များရှိသည့်ကြားမှပင် အောင်မြင်အောင် ဆောင်ရွက်နိုင်လိမ့်ဟု မျှော်လင့်ံ မိပါသည်။ိ
Monday, January 4, 2016
လူမှု နိုင်ငံရေး ( socio -politic)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment